ဈေးကွက်ဈေးနှုန်း

မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါ်နော်မူတာကပေါ ဦးဆောင်သည့် တာဝန်ရှိသူများ ကိုရီးယားသမ္မတနိုင်ငံသံရုံးမှ သံရုံးဒုတိယအကြီးအကဲဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

Last Updated:

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ  ညွှန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာကပေါ   ဦးဆောင်သည့် အဖွဲ့သည် ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၆ ရက်နေ့ နံနက် (၉ : ၃၀) နာရီအချိန်တွင် ရန်ကုန်မြို့ရှိ ကိုရီးယားသမ္မတနိုင်ငံသံရုံးမှ သံရုံးဒုတိယအကြီးအကဲဖြစ်သူ Mr. Hahm Jeong-han ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာတွင် ကိုရီးယားသမ္မတနိုင်ငံ၊ ODA အစီအစဉ်ဖြင့် KOICA ၏အထောက်အပံ့ KOTRA ၏ နည်းပညာအကူအညီ နှင့် ဆောင်ရွက်ခဲ့သော MYANTRADE ဖွဲ့စည်းတည်ထောင်မှုအခြေအနေအပေါ် လက်ရှိဆောင်ရွက်နေမှုများ၊ မြန်မာ-ကိုရီးယား ပူးပေါင်းဆောင် ရွက်လျက်ရှိသည့် စီမံကိန်းများနှင့် စပ်လျဉ်းပြီး အကောင်အထည်ဖော်ပြီးစီးမှုအခြေအနေ၊ ဆက်လက်ဆောင်ရွက်မည့်ကိစ္စရပ်များ၊ ၂၀၁၉ ခုနှစ်တွင် ကိုရီးယားသမ္မတ မြန်မာနိုင်ငံခရီးစဉ်အတွင်း လက်မှတ် ရေးထိုးခဲ့သည့် နှစ်နိုင်ငံ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်မည့် Korea Desk MOU ဆိုင်ရာ Korea Desk ဖွင့်လှစ်နိုင်ရေးနှင့် ပူးပေါင်းဆောင်ရွက်သွားမည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့ပါသည်။

 

မဟာဗျူဟာကုန်သွယ်မှုမြှင့်တင်ရေးဌာနခွဲ

မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့